Butterfly bkk&korea cosmestics
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Butterfly bkk&korea cosmestics, Beauty, cosmetic & personal care, Dallas, TX.
03/24/2022
လုပ်ကြည့်နော်😘
ပေါင်ခြံကြားညိုမဲတာသက်သာစေဖို့…
ခွါညိုခုတလောပိုစ့်အသစ် မရေးဖြစ်တာကြာဘီပေါ့နော်။ ဒီနေ့တော့ အကုန်လုံးစိတ်ဝင်စားကြမယ့် topic လေးကိုရေးပေးလိုက်ပါတယ်။
ပေါင်ခြံကြားတွေညိုမဲတာက ခွါညိုတို့ ဝလာတဲ့အခါမျိုးတွေ.. ဓမ္မတာလာတဲ့အခါမျိုးတွေမှာ ပွန်းတိုက်မှုတွေဖြစ်ပြီး အဲကြားတွေကညိုမဲလာရတာပါ။
ဒီတော့ ဒီလို ညိုမဲတာတွေသက်သာအောင်ဘယ်လိုလုပ်ကြမလဲ။
1. Sugar scrub တွေသုံးလို့ရပါတယ်။
- ခွါညိုတို့ scrub တွေက ညိုမဲ အသားအရောင်မညီတဲ့နေရာတွေကိုသက်သာစေတယ်ဆိုတာသိကြမှာပါ။
- တပတ်ကို ၂-၃ကြိမ်လောက် ရေချိုးရင်း sugar scrub တွေသုံးပေးတာက အညိုအမဲကိုသက်သာစေပါတယ်။
- Scrub သုံးပြီးတဲ့အခါ lotion လေးပြန်လိမ်းပေးဖို့တော့မမေ့ပါနဲ့နော်
2. ရှားစောင်းလက်ပတ်
- ခွါညိုတို့ aloe Vera ကိုလည်း လိမ်းပေးနိုင်ပါတယိ။
- ဘူးလေးတွေနဲ့လာတဲ့ aloe Vera gel လည်းရပါတယ်။
- Aloe Vera က အသားကိုပြန်လင်းလာစေပါတယ်။
3. Oatmeal scrub
- ခွါညိုတို့ body scrub မှာသကြားတွေ sea salt တွေမဟုတ်ဘဲ oatmeal နဲ့လုပ်ထားတဲ့ scrub တွေလည်းရှိပါတယ်။
- Oatmeal scrub တွေက အသားအရည်နူးညံ့စေပြီး အသားရောင်ညီလာစေပါတယ်။
- သူလည်း sugar scrub တွေလိုပါဘဲ တပတ် ၂-၃ကြိမ်သုံးလို့ရပါတယ်။
4. အဲအတွက်သီးသန့်လာတဲ့ product များ
- ပေါင်ခြံကြား ဖြူစေတဲ့ product တွေလာပါတယ်။
- သေချာစွဲသုံးရင် သိသာပါတယ်။
- သတိထားရမှာကစိတ်ချရတဲ့ပစ္စည်းဖြစ်ဖို့ပါဘဲ။
5. ဆရာဝန်တွေဆီ treatment ယူလို့ရပါတယ်။
- အလှအပရေးရာ နဲ့ပတ်သက်တဲ့ဆေးခန်းတွေ ဆရာဝန်တွေဆီမှာ laser treatment လိုမျိုး whitening treatment တွေယူလို့ရပါတယ်။
- တကယ်စိတ်ချရပြီး တိကျသေချာတဲ့ နေရာတွေ ကျွမ်းကျင်တဲ့သူတွေရှိတဲ့နေရာဖြစ်ဖို့တော့လိုပါတယ်။
ထပ်ပြောချင်တာက...
- အဲလို မမဲလာစေဖို့ မဲတာလျော့ချဖို့ဆို အတွင်းခံဆိုလည်း လေဝင်လေထွက်ကောင်းတဲ့ ချည်သားလိုမျိုးဝတ်ပေးပါ။
- ဓမ္မတာလာရင်သုံးတဲ့ပစ္စည်းကို အသားမထိစေမယ့် cup တို့လို.. tampons တွေလိုဟာသုံးပေးပါ။
- တအားကျပ်တဲ့ဘောင်းဘီ စကပ်တွေမဝတ်ပါနဲ့။
ဒီလိုဆို ပေါင်ခြံ ညိုမဲတာသက်သာစေတဲ့နည်းလေးတွေသိသင့်သလောက်သိရပြီထင်ပါတယ်။
🚫စိတ်ကြိုက် share နိုင်ပါတယ်။ ကူးပြီးပြန်တင်တာမျိုး မလုပ်ဖို့မေတ္တာရပ်ခံပါတယ်🚫
ချစ်တဲ့
ခွါညို (Beauty by Emerald)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Butterfly bkk&korea cosmestics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.